နွေဦးတော်လှန်ရေးတွင် ကြွေလွင့်ခဲ့ရတဲ့ ကိုချစ်မင်းသူရဲ့ဇနီးဖြစ်သူရဲ့ ကိုယ်ဝန်နဲ့ပတ်သတ်တဲ့ စောင့်ရှောက်မှုတွေကို တာဝန်ယူဆောင်ရွက်ပေးခဲ့တဲ့ နီနီခင်ဇော်

အဆိုတော် နီနီခင်ဇော်ကတော့ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများမှာလည်း ကျရာအခန်းကဏ္ဍကနေ ပါဝင်ကူညီ အားဖြည့်ပေးနေသလို သူမ တတ်မြောက်ထားတဲ့ ဆေးပညာရပ်တွေနဲ့လည်း

ဆေးရုံတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ပြည်သူများအတွက် ပရဟိတဆေးခန်းတွင် ဆေးကုသပေးနေသူပါ။ အခုလို အရေးကြုံတဲ့အခါ ပြည်သူတွေဘက်ကနေ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ပေးနေတာကြောင့်လည်း

ပရိသတ်တွေက လေးစားအားကျနေကြပါတယ်။ မနေ့ကလည်း လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ကွယ်လွန်သွားပြီဖြစ်တဲ့ သူရဲကောင်း ကိုချစ်မင်းသူရဲ့ နေအိမ်သို့ သွားရောက်ခဲ့တဲအကြောင်း နီနီရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဝေမျှထားတာပဲ ဖြစ်ပါတယ်။

မြောက်ဒဂုံတွင် ကြွေလွင့်သွားတဲ့ ကိုချစ်မင်းသူရဲ့ ကျန်ရစ်ခဲ့တဲ့ ကိုယ်ဝန်ဆောင် ဇနီးနဲ့ သမီးလေးအတွက် တတ်နိုင်သလောက် သွားရောက် ကူပေးခဲ့ပြီး ကိုယ်ဝန်နဲ့ ပတ်သတ်တဲ့ စောင့်ရှောက်မှုတွေ ဖြစ်တဲ့ ဆီးစစ်၊ သွေးစစ်တာကနေစပြီး လိုအပ်တဲ့ အရာမှန်သမျှကို ကူညီဆောင်ရွက်ပေးခဲ့တာပါ။

ဒါ့အပြင် မွေးဖွားပြီးသည်အထိ သူမရဲ့သူငယ်ချင်း မတည်ထားတဲ့ ကုသိုလ်ဖြစ် သားဖွား ဆေးခန်းကနေ တာဝန်ယူသွားပေးမယ့် အကြောင်းအား ကျန်ရစ်ခဲ့တဲ့ ကိုယ်ဝန်ဆောင် ညီမလေးထံ စိတ်ဓာတ်မကျစေဖို့ အားပေးစကားတွေ သွားပြောခဲ့ကြတာပါ။

ကိုချစ်မင်းသူ တာဝန်ကျေခဲ့သလို ပြည်သူတွေအချင်းချင်း ပြန်ကူညီကြတာ မြင်ရတဲ့အတွက်လည်း အားတွေ ဖြစ်ခဲ့ရတယ်လို့ သူမရဲ့ လူမှုကွန်ယက်တွင် ဝေမျှထားတာဖြစ်ပါတယ်။ crd

Written by 

Leave a Reply

Your email address will not be published.