ပရိတ်သတ်တွေ စိုးရိမ်နေကြတဲ့ အဆိုတော်ပိုပိုရဲ့ လက်ရှိကျန်းမာရေးအခြေအနေ
လူငယ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ အခိုင်အမာရရှိထားတဲ့ မော်ဒယ်လ်သရုပ်ဆောင် မင်းသားချော Hu Go ကတော့
ဖေဖော်ဝါရီလ တစ်ရက်နေ့ကတည်းက တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူရပ်တည်နေသူပဲ ဖြစ်ပါတယ်။
Hu Goဟာ အဆိုတော်ပိုပိုနဲ့လည်း ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေတွေဖြစ်ကြပြီးတော့ ပိုပိုဖမ်းဆီးခံရတဲ့
အချိန်တည်းကစကာ ပိုပိုနဲ့ပက်သက်တဲ့ သတင်းအကြောင်းအရာလေးတွေကို မျှဝေပေးလေ့ရှိသူပါ။
အဆိုတော်ပိုပိုဟာ ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံထားရသူဖြစ်ပြီး ဧပြီလထဲမှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာဖြစ်ပါတယ်
ပိုပိုနဲ့အတူ နာမည်ကျော်အနုပညာရှင်တွေများစွာလည်း ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိ
ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးတာလည်း ဖြစ်ပါတယ်။
လတ်တလောမြန်မာနိုင်ငံမှာလည်း ကိုဗစ်ကူးစက်မှုတွေတစ်ကျော့ပြန် လည်ဖြစ်ပေါ်နေတာကြောင့်
လူထောင်နဲ့ချီကာ အသက်သေဆုံးခဲ့ကြရတာလည်းဖြစ်ပါတယအခုလိုကူးစက်မှုတွေများ
လာတာကြောင့် ဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတွေအတွက်ပြည်သူတွေများစွာစိတ်ပူနေကြရသလို
အဖမ်းခံထားရတဲ့ ပြည်သူချစ်အနုပညာရှင်တွေအတွက်လည်း စိုးရိမ်ပူပန်နေကြရတာပါ။
မကြာသေးမီကတော့ Hu Goဟာ သူ့ရဲ့ Facebookစာမျက်နှာကနေ ပိုပိုကျန်းမာစွာရှိနေကြောင်
း ပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Credit
Unicode