နိုဝင်ဘာ(၁၉)ရက်နေ့မှာ နှစ်ပေါင်းတစ်ရာကြာမှ တစ်ခါပဲ မြင်တွေ့ရမယ့် အခွင့်အရေ

နိုဝင်ဘာ(၁၉)ရက်နေ့မှာ နှစ်ပေါင်းတစ်ရာကြာမှ တစ်ခါပဲ မြင်တွေ့ရမယ့် အခွင့်အရေး

နိုဝင်ဘာ(၁၉)ရက်နေ့ညမှာ နှစ်ပေါင်းတစ်ရာကြာမှ တစ်ခါပဲဖြစ်ပေါ်တဲ့လကြတ်ခြင်းကိုတွေ့မြင်နိုင်မယ့်အခွင့်အရေး

လာမယ့် နိုဝင်ဘာလ(၁၉)ရက် သောကြာနေ့တွင် ရာစုနှစ်တစ်လျှောက်

အရှည်ကြာဆုံးလကြတ်ချိန်ကို ကျွန်တော်တို့တစ်တွေ တွေ့ကြုံရလိမ့်မယ်လို့ သိရပါတယ်။

အဆိုပါလကြတ်ချိန်ဟာ အချိန်အားဖြင့် ညနေပိုင်း (၆ း ၅၈)နာရီကနေ (၈ း ၀၃)နာရီအထိ

ကြာမြင့်မှာဖြစ်ကြောင်း National Planetarium က တွစ်တာမှာ ရေးသားထားပါတယ်။

လွန်ခဲ့တဲ့မေလက ကျွန်တော်တို့တစ်တွေဟာ သွေးရောင်လွှမ်းလပြည့်ညဆိုတဲ့

သမိုင်းမှာကြုံတောင့်ကြုံခဲအဖြစ်ကို တွေ့ကြုံခဲ့ကြဖူးပါလိမ့်မယ်။

ယခုတွေ့ကြုံရမယ့် လကြတ်ခြင်းကို Penumbra Lunar Eclipse လို့ အမည်ပေးဖော်ပြထားပါတယ်။

NASA ဖော်ပြချက်မှာတော့ လကြတ်မယ့်ကြာမြင့်ချိန်ဟာ (၃)နာရီ၊

(၂၈)မိနစ်၊ (၂၃)စက္ကန့် အထိဖြစ်ပြီး ဒါဟာသက္ကရာဇ် (၂၀၀၁)ခုနှစ်နဲ့

(၂၁၀၀)ကြားမှာ အရှည်ကြာဆုံး လကြတ်ချိန်တစ်ခုအဖြစ် မှတ်တမ်းဝင်မှာလို့ သိရပါတယ်။

သိရသလောက်တော့ လက်ရှိအရှည်ကြာဆုံး လကြတ်ချိန်အဖြစ်

(၂၀၁၈)ခုနှစ်က ဖြစ်ခဲ့ကြောင်းသိရပြီး ထိုစဉ်က အချိန်အားဖြင့် တစ်နာရီနဲ့ (၄၃)မိနစ်အထိ ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။

NASA ရဲ့ ခန့်မှန်းချက်မှာတော့ နောက်ထပ်ဆယ်စုနှစ်(၈)ခုအတွင်းမှာ လကြတ်မှုပေါင်

း (၁၇၉)ကြိမ်အထိ ဖြစ်ပွားလိမ့်မယ်လို့ ဆိုပါတယ်။

ဒါဟာတစ်နှစ်မှာ ပျမ်းမျှလကြတ်မှုနှစ်ကြိမ်အထိရှိမယ်လို့ ဆိုတဲ့သဘောဖြစ်ပါတယ်။

နောက်ပြီးဒီလကြတ်မှုတွေကို သာမန်မျက်လုံးဖြင့် အကာအကွယ်မပါဘဲ မြင်တွေ့နိုင်မယ်လို့ သိရပါတယ်။

အခုလကြတ်ခြင်းကို National Planetarium ကနေ Live ထုတ်လွှင့်ပြသမယ် လို့လည်

း သိရပြီး အချိန်အားဖြင့် နိုဝင်ဘာ(၁၉)ရက် (၅)နာရီကနေ (၇)နာရီအထိ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

ခရက်ဒစ်လင်းဇော်ကို

Unicode

Written by 

Leave a Reply

Your email address will not be published. Required fields are marked *