အသက်ကြီးလာလေလေနေထိုင်ရခက်ခဲလေလေဖြစ်နေတဲ့ ဦးခေါင်းခြင်းဆက်အမွှာ
အိန္ဒိယနိုင်ငံ ဥဒိဿပြည်နယ်၊ ခန်ဒါမယ်လ်မြို့နယ်မှာ 2015 ခုနှစ် မတ်လ 9 ရက်နေ့က ဦးခေါင်းချင်းဆက်
အမွှာမောင်နှမကို မွေးဖွားခဲ့ပါတယ်။ အခုအချိန်မှာ အသက် 2 နှစ်အရွယ်ကို
ရောက်လာပြီဖြစ်တဲ့ Honey နဲ့ Singh တို့ မောင်နှမဟာ သာမန်ကလေးများလို ပေါ့ပေါ့ပါးပါး ဘဝကို ဖြတ်သန်းခဲ့ရခြင်း မဟုတ်ပါဘူး။
သူတို့တစ်တွေဟာ ဦးနှောက်သီးခြားဆီပါဝင်ပြီး၊ ဦးခေါင်းခွံက လုံးလုံးလျှားလျှား စပ်နေလို့
နေရထိုင်ရတာ အတော်လေးကို မသက်မသာ ဖြစ်နေပါတယ်။
မိဘတွေကလည်း ငွေကုန်ကြေးကျများမယ့် ခွဲစိတ်မှုကို မတတ်နိုင်ကြပါဘူး။
ဒါပေမယ့် တစ်နေ့နေ့မှာတော့ သူတို့နှစ် သီးခြားကိုယ်ပိုင်ဘဝတွေနဲ့ ခွဲထုတ်နိုင်လိမ်မယ်လို့ ယုံကြည်နေပါတယ်။
ဦးခေါင်းခွံချင်း စပ်ပြီးမွေးလာတဲ့ အခြေအနေကို Craniopagus လို့ ခေါ်ပြီး၊ နယူးဒေလီမှာတည်ရှိတဲ့
အကောင်းဆုံး ဆေးရုံတစ်ခုခုမှာ ပြသဖို့ ကြိုးစားနေပါတယ်။ မကြာသေးခင်ကမှ သူတို့လို ဘဝတူ Erin နဲ့ Abby အမည်ရ
ညီမနှစ်ယောက်ကို 11 နာရီကြာ ခွဲစိတ်ပေးနိုင်ခဲ့လို့ Honey နဲ့ Singh တို့ အတွက်ကတော့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။
Craniopagus ဆိုတဲ့ အခြေအနေဟာ အလွန်ဖြစ်တောင့်ဖြစ်ခဲတဲ့ ဖြစ်ရပ်တစ်ခုပါ။ မိခင် သန္ဓေဆောင်စဉ်မှာ သန္ဓေအောင်ပြီးသား
မျိုးဥဟာ နှစ်ပိုင်းကွဲပြီးနောက် ကိုယ်ဝန်တစ်ခုတည်းအဖြစ် တည်ရှိခဲ့လို့ပါ။
တကယ်တော့ ကိုယ်ဝန်တစ်ခု ဖြစ်တည်ဖို့ဆိုတာ ဖခင်ရဲ့ မျိုးအောင်ပြီးသား သုတ်ပိုးနဲ့
မိခင်ရဲ့ သန္ဓေအောင်ပြီးသား မျိုးဥတို့ ပေါင်းစပ်ဖို့ လိုရင်းသာပါ။
သို့ပေမယ့် ရှားပါးအခြေအနေအရ သန္ဓေအောင်ပြီးသား မျိုးဥနဲ့ ကိုယ်ဝန်က ဖြစ်တည်
လာခြင်းမဟုတ်ပဲ၊ ချွတ်ယွင်းချက်ရှိတဲ့ နှစ်ပိုင်းကွဲမျိုးဥနဲ့ပေါင်းစပ်ပြီးမှ
သန္ဓေတည်လာခြင်းကြောင့် ယခုလို ဦးခေါင်းချင်းဆက်အမွှာကို ဖြစ်စေတာလို့ ဆရာဝန်ကြီးက
ရှင်းပြပါတယ်။
Credit