အဆီတဝင်းဝင်း နဲ့ မဲနေတဲ့မျက်နှာကို ခဏလေး နဲ့ ချက်ချင်း ပုံစံပြောင်းသွားစေမယ့် နည်းလမ်းများ
မျက်နှာအဆီပြန်တတ်တဲ့ အသားအရေများက ပူနေတဲ့အချိန်ကာလတွေဆို သိပ်ကို စိတ်ညစ်ကြရပါတယ်။
အရေပြားက သဘာဝအဆီတွေကို ပုံမှန်အချိန်ထက် ပိုထုတ်တဲ့အပြင် အပြင်မှာ အရမ်းပူနေလို့ ချွေးကလည်း ထွက်၊ အရေပြားဆဲလ်အသေတွေက
စုပုံနေ ချွေးပေါက်တွေက ကျယ်နေပြီးတော့ အညစ် အကြေးတွေပိတ်မိနဲ့ ဝက်ခြံပေါက်လိုက် ပျောက်လိုက်နဲ့ သံသရာက လုံးလည်ချာလည် လိုက်နေတော့တာပါပဲ။
ဒါကြောင့် မျက်နှာအဆီတဝင်းဝင်း ဖြစ်နေတာနဲ့ပတ် သက်ပြီးတော့ ခဏလေးနဲ့ ရှင်းလင်းသွားစေမယ့် နည်းလမ်းလေးတွေကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။
၁။ မျက်နှာကို အမြဲသစ်ပါ
ဒီအချက်ကို လူတိုင်းသိကြပေမယ့် တကယ်တမ်း လုပ်ဖို့ကျတော့ တော်တော်များများက ပျင်းနေတတ်ပါတယ်။
အထူးသဖြင့် အရေပြားအဆီပြန်တဲ့သူတွေဆို ဒီအဆီတွေကို ဖယ်ထုတ်ပစ်ဖို့ မျက်နှာကို ပုံမှန်သစ်ပေးဖို့ လိုအပ်ပါတယ်။
ဒါကြောင့် မနက်အိပ်ရာထလာရင် တစ်ကြိမ်၊ ညအိပ်ခါနီးရင် တစ်ကြိမ် မျက်နှာသစ်ဆပ်ပြာ အပျော့စားလေးနဲ့ တဖြည်းဖြည်းချင်း သစ်ပေးဖို့ လိုပါတယ်။
၂။ အဆီစုပ်စက္ကူတွေကို ဆောင်ထားပါ
မျက်နှာအဆီပြန်တဲ့သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ စက္ကူထုတ် သို့မဟုတ် တစ်သျှူးတွေကို အမြဲဆောင်ထားသင့်ပါတယ်။
ရုတ်တရက် အပြင်မှာ ရောက်နေလို့ မျက်နှာမသစ်နိုင်ဘူးဆိုရင် ဒီစက္ကူလေးနဲ့ လွယ်လွယ်ကူကူပဲ သုတ်ပေးလိုက်ရုံပါပဲ။
တကယ်လို့ အဲဒီစက္ကူမရှိရင်လည်း ရိုးရိုးတစ်သျှူးလေးနဲ့ သုတ်ပေးလို့ ရပါတယ်။ အဆီတွေကို မျက်နှာမှာ စုပြုံနေအောင်တော့ ဒီအတိုင်းပဲ မထားသင့်ပါဘူး။
၃။ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးဖို့ မမေ့ပါနဲ့
အဆီပြန်အသားအရေတွေအတွက် ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေ သုံးပြီးတဲ့အခါ အသားခြောက်သွားတတ်လို့ အစိုဓာတ်ထိန်းခရင်မ် တစ်ခုခုကို ပြန်လိမ်းဖို့ မမေ့သင့်ပါဘူး။
အပြင်မသွားဘဲ အိမ်မှာပဲ ရှိနေတဲ့ရက်တွေဆိုရင် မျက်နှာသစ်ပြီးတာနဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန် လိမ်းပေးသင့်ပါတယ်။ညအိပ်ခါနီး မျက်နှာသစ်ပြီးရင်တော့ လိမ်းပေးတာ အကောင်းဆုံးပါပဲ။
၄။ မျက်နှာကို လက်နဲ့ ခဏခဏ မထိပါနဲ့
အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်တွေဟာ များသောအားဖြင့် ချွေးပေါက်ကျယ်တတ်ပါတယ်။ ဒီချွေးပေါက်တွေထဲ အညစ်အကြေး အဆီ နဲ့ ဖုန့်မှုန့်တွေ
ကပ်ညှိနေတာကြောင့် ဘက်တီးရီးယားပိုးတွေ များလာပြီး ဝက်ခြံပေါက်လာပါတယ်။ဒီလို ဖြစ်နေတဲ့အချိန်မှ ကိုယ်ဟာ မျက်နှာ၊ ဝက်ခြံကို လက်နဲ့သွားသွား ပွတ်နေမယ်၊ ကုတ်နေမယ်ဆိုရင်တော့
ပွန်းပဲ့မိပြီး ပိုးဝင်ကာ ပိုပို ဆိုးလာနိုင်စေပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့သွားသွားကိုင်တတ်တဲ့ အကျင့်ကို အမြဲသတိထားရင် အကောင်းဆုံးပါပဲ။
ကဲ ဒါဆို အားလုံးပဲ အဆီမရှိတဲ့ မျက်နှာလှလှလေး ဖြစ်စေဖို့ အခုပြောပြပေးခဲ့တဲ့ ဆောင်ရန် ရှောင်ရန် နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ရင်းနဲ့ ဘဝမှာ မျက်နှာမြင် ချစ်ခင်ကြပါစေ။
ခရက်ဒစ်
Unicode