သရုပ်ဆောင် အရမ်းကောင်းလိုပရိတ်သတ်တွေမုန်းခဲ့တဲ့ ဒေါ်ခင်အေးဟန်

တစ်ခေတ်တစ်ခါက မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေထဲမှာ လူမုန်းများအောင်သရုပ်ဆောင်နိုင်ခဲ့ပြီး သဏ္ဌာန်လုပ်သရုပ်တူအောင် သဘာဝကျကျ

သရုပ်ဆောင်နိုင်ခဲ့တာကြောင့်မြန်မာ့ရုပ်ရှင်ချစ် ပရိသတ်တွေရဲ့ အမုန်းတော်ခံ ဇာတ်ပို့သရုပ်ဆောင် ‌ဒေါ်ခင်အေးဟန် ဖြစ်ပါတယ်

မြန်မာ့ရုပ်ရှင်အဖြူအမည်းခေတ်ကာလ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ မိန်းမကြမ်းကြီးနေရာကနေ ပါဝင်သရုပ်ဆောင်ပြီး ရပ်ကွက်တကာလှည့် လူတိုင်းနဲ့ အတင်းပြောသူ ဇာတ်ကောင်ကာရိုက်တာကို သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

အရင်ခေတ်က မြန်မာ့ရုပ်ရှင်နှစ်မွှာအသဲ ရုပ်ရှင်ဇာတ်ကားထဲက ဒေါ်မြလေးရဲ့ ဇာတ်ဝင်းစကားတစ်ခွန်းဖြစ်တဲ့ ” မပြောချင်ဘူး မပြောချင်ဘူး ပြော့ကိုမပြောချင်ဘူး ” ဆိုတဲ့ ဇာတ်ဝင်စကားတစ်လုံးဟာ အဲ့ဒီခေတ်ကာလမှာ ခေတ်စားခဲ့သလို ပရိသတ်အမုန်းတော်ခံသရုပ်ဆောင်‌ဒေါ်ခင်အေးဟန်လည်း

မိန်းမကြမ်းကြီးဇာတ်ရုပ်နဲ့ တစ်ခုခုဆိုစိတ်မရှည်တဲ့အမူအယာသရုပ်ဆောင်တဲ့အခါတိုင်းမျက်နှာကြီးကို မဲ့ကာရွဲ့ကာနှုတ်ခမ်း ထော်ပြီး မျက်လုံးပြူးပြောလေ့ရှိတဲ့ ” မပြောချင်ဘူး မပြောချင်ဘူး ပြော့ကိုမပြောချင်ဘူး ” ဆိုတဲ့စကားအစချီလို့သရုပ်ဆောင်ခဲ့တဲ့ ပြကွက်တွေကို အခုချိန် အသက် ၃၅ နှစ်ကျော် ပရိသတ်တွေ မြင်ယောင်သတိရဦးမယ်ထင်ပါတယ်။

အဲ့ဒီလို ပရိသတ်တွေမုန်းလောက်အောင်ထိ ဇာတ်ကောင်ကာရိုက်တာသရုပ်ဆောင်ပီပြင်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် ‌‌ဒေါ်ခင်အေးဟန်ကို ၁၉၃၇ ခုနှစ် အောက်တိုဘာ ၁၂ ရက် ဖခင်ဦးသိန်း နဲ့ မိခင်ဒေါ်သိန်းမယ်တို့မှ တွံတေးမှာမွေးဖွားခဲ့ပါတယ်။

နာမည်အရင်းမှာ အေးဟန်ဖြစ်ပြီး အထက်တန်းပညာကို ရန်ကုန်မြို့မအထက်တန်းကျောင်းမှာ (ခ)အဆင့်နဲ့သာ အောင်မြင်ခဲ့ပြီးနောက် ကန်တော်ကလေး ဘားမားမူစလင်ကျောင်း (ယခု အထက ၆ မင်္ဂလာတောင်ညွန့်) မှာ ၁၉၅၅-၅၇ ကာလအထိဆရာမအဖြစ် အလုပ်ဝင်ခဲ့ပါတယ်

ပညာရေးကိုဇွဲမလျော့ဘဲ ထားဝယ်မှာ ဆယ်တန်းထပ်ဖြေခဲ့ပေမယ့်လည်းကျခဲ့တာကြောင့် မယ်ရွေးပွဲဝင်ပြိုင်ခဲ့ရာမှာ အနိုင်ရခဲ့ပြီး ထားဝယ်မယ် အေးဟန် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီကနေစ အနုပညာလောကထဲဝင်မယ်ဆိုပြီး ရန်ကုန်ကိုပြန်လာခဲ့ပြီး သိမ်ဖြူမယ်ရွေးပွဲကို ဆက်လက်ဝင်ပြိုင်ခဲ့ရာ အနိုင်ဆုရခဲ့ပြီး သိမ်ဖြူမယ်ခင်အေးဟန် ထပ်ဖြစ်ခဲ့ပြန်ပါတယ်။

၁၉၆၀ ခုနှစ်မှာ ဒါရိုက်တာ ဦးတင်ယု ရိုက်ကူးခဲ့တဲ့ အဝိုင်း နဲ့ လေးထောင့် ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ပို့နေရာက နေ စတင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်‌လောကထဲကို ဝင်ရောက်ခဲ့ပါတယ်။

အဲ့ဒီဇာတ်ကားကနေတဆင့် ရုပ်ရှင်ဇာတ်ကားများမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ဆက်လက်ရိုက်ကူးခဲ့ရာ ဇင်းကျိုက်တောင် သိုက်သမိုင်း ရာဇဝင်ဇာတ်ကား ရိုက်ကူးပြီးနောက် ရုပ်ရှင်လောကမှာ ခေတ္တခဏ အနားယူခဲ့ပြီး ကုန်သွယ်ရေးဌာနမှာ စာရေးမအဖြစ် ၁၉၆၃-၆၉ ကာလအထိ အလုပ်ဝင်ခဲ့ပါတယ်။

တဖန် ရုပ်ရှင်လောကထဲကို ဒီကောင်းမ‌လေး ရုပ်ရှင်ဇာတ်ကား နဲ့ ဒုတိယအကြိမ်‌မြောက်ပြန်ဝင်လာခဲ့ပြီးနောက် အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ်လုပ်ကိုင်ခဲ့ကာ ရုပ်ရှင် နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုဆက်လက်ရိုက်ကူးနိုင်ခဲ့ပြီး ပရိသတ်တွေရင်ထဲမှာ သရုပ်ဆောင် ခင်အေးဟန် ဆိုပြီး ချစ်ခင်အားပေးလာခဲ့ကြပါတယ်။

သရုပ်ဆောင်ခင်အေးဟန် ဟာ ရုပ်ရှင်သရုပ်ဆောင်အပြင် အသံသရုပ်ဆောင်လည်းဖြစ်သလို ရုပ်ရှင်လောက ထဲမဝင်ခင် ၁၉၅၀ ခုနှစ်မှာစ စာနယ်ဇင်းလောကမှာလည်း ကဗျာ ဆောင်းပါးများစွာရေးသားခဲ့ဖူးသူဖြစ်ပြီး ငယ်စဉ်ကတည်းက စာပေဝါသနာကြီးသူတစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

သရုပ်ဆောင်ခင်အေးဟန် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားများနဲ့ အသံဇာတ်လမ်းများမှာ ရပ်ကြီးသူ (၁၉၇၅) ၊ ချစ်ခြင်းဆိုသည် ဘာလဲကွယ် ၊စိမ်းလို့သာခေါ်လိုက်ပါ (၁၉၈၄)၊ကျားခင်စိန် (၁၉၉၃)၊နော်ရင်မွှေး (၁၉၉၄)၊တုယှဉ်နှိုင်းလည်းမမီပါ (၁၉၉၇)၊ တို့ ဇာတ်ကားများအပြင်

အသံသရုပ်ဆောင်ကက်ဆက်ဇာတ်လမ်များမှာ ပြောပြန်ရင်လဲ မောင်သာရလွန်ရာကျမယ် ၊ထီးဆောင်းပြောတဲ့ပတ်ဝန်းကျင် ၊စိတ် ၊အချစ်သုတေသနဇာတ်လမ်း ၊မိသားစုဘဝ စတဲ့ ရုပ်ရှင်နဲ့ ကက်ဆက်ဇာတ်လမ်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ တဆင့်ပြန်လည်လေ့လာသိရှိရပါတယ်။

သရုပ်ဆောင်ခင်အေးဟန်ဟာ အနုပညာလောကမှာ ဝါသနာတူ သရုပ်ဆောင်အေးကျော် နဲ့ လက်ထပ်ပေါင်းသင်းနေထိုင်ခဲ့ပြီး သူ့ချစ်တဲ့ ရုပ်ရှင်အနုပညာအလုပ်တွေကို ကွယ်လွန်ချိန် ၂၀၀၆ ခုနှစ်အထိ ဆက်လက်လုပ်ကိုင်ခဲ့တဲ့ အနုပညာအလုပ်ပေါ် သစ္စာရှိသော ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ရုပ်ရှင်လောက သဘာဝ တာဝန်အရ ဆေးစက်ကျရာ အရုပ်ထင် သဏ္ဌာန်လုပ်သရုပ်တူအောင် သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့တဲ့ အတင်းပြော မိန်းမကြမ်းကြီး ဇာတ်ကောင်ကာရိုက်တာတွေကနေ ပရိသတ်မုန်းအောင် အသုံးတော်ခံခဲ့တဲ့ အနုပညာတာဝန်ကျေခဲ့သူဖြစ်တာ‌ကြောင့်

ယနေ့အချိန်ထိသာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် ပရိသတ်တွေအချစ်တော်ဇာတ်ပို့သရုပ်ဆောင်မင်းသမီးကြီးတစ်ယောက်ဖြစ်နေဦးမှာ ဧကန် အမှန်ပဲမို့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာများနဲ့ ထိုက်တန်တဲ့

အနုပညာရှင်တစ်ယောက်ဖြစ်ကြောင်း တစ်ဆင့်ပြန်လည်လေ့လာ သတိတရမှတ်တမ်းတင်ဂုဏ်ပြုရေးသားဖော်ပြလိုက်ရပါတယ်။

ခရက်ဒစ်

Unicode

Written by 

Leave a Reply

Your email address will not be published. Required fields are marked *