အရပ် သုံးပေပင် မပြည့်သော်လည်း မိန်းမချောလေးကို ပိုင်ဆိုင်ခွင့်ရသွားသူ
တရုတ်နိုင်ငံ တွင် နေထိုင်သည့် ကွန် ဇီဝီဆိုသည့် အမျိုးသား သည် အရပ်သုံးပေ ပင် မပြည့်သော်ငြား မိန်းမချောလေးကို
ပိုင်ဆိုင်ခွင့်
ရသွားပြီဖြစ်သည်။ ၎င်းတို့၏ အချစ်ဇာတ်လမ်းသည် အခြားသော စုံတွဲ များကဲ့သို့ ထူးမခြားနားပင်ဖြစ်သော်လည်း အချစ်လမ်းခရီး
မှာ အခြားသောလူများ ထက် ကြမ်းတမ်းခဲ့သည်။
အကြောင်းမှာ အသက် ၃၁ နှစ်အရွယ် သတို့သားလောင်း က သက်ကြီးပုဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် သတို့သမီးဘက်က
သဘောမ တူကြပေ။ ]ယောက်ျm;ပီသဖို့၊ တာဝန်ယူ တတ်ဖို့ပဲ လိုတာပါ။ အရပ် ပုတာ၊ ရှည် တာကို ကျွန်မက ထည့်မတွက်ပါဘူး}ဟု
အသက် ၂၄ နှစ်အရွယ် မိန်းကလေးက ဆိုသည်။
ယန်းဆိုသည့် သတို့သား လောင်းသည် ဟီနန်ပြည်နယ်မှဖြစ်ပြီး သက်ကြီးပုဖြစ်သော်လည်း မင်းသမီးဖြစ် နေသည့် အမျိုးသမီး
အကြောင်းကို သတင်းစာထဲ ဖတ်မိရာမှမြို့တက်လာပြီး ထိုအမျိုးသမီးကို ရှာခဲ့သည်။ ယင်းက လည်း ကူညီပေးသဖြင့် ၎င်းသည်
ရုပ်ရှင် လောကတွင် ခြေချခွင့်ရသွားသည်။ နယ် ကတက်လာသူဖြစ်ပြီး ပိုက်ဆံလည်း မရှိ သဖြင့် နံနက် ၂ နာရီခန့်တွင် ရိုက်ကူးရေး
ပြီးသည့်နေ့များတွင် ၎င်းမှာ ဒုက္ခအလွန် ရောက်ရသည်။
အနီးနားရှိ ဟိုတယ် တွင်လည်း သွားမတည်းနိုင်၊ တက္ကစီငှား ပြီးလည်း မပြန်နိုင်သဖြင့် ၎င်းသည် လမ်း ပေါ်တွင်သာ အိပ်လိုက်ရ
လေ့ရှိသည်။ ရည်းစားရသော် ရည်းစား၏မိဘများက ]သူ့လိုလူက ငါ့သမီးကို လူတန်းစေ့ ထား နိုင်ပါ့မလား။ သမီးရှေ့ကနေ မားမား
မတ် မတ် ရပ်တည်ပေးနိုင်ပါ့မလား}ဟု ပြော လာကြသည်။
ထိုအချိန်မှစ၍ ၎င်းက အလုပ်ကို ဆတက်ထမ်းပိုး ကြိုးစားရာ နောက်ဆုံးတွင် အနုပညာလောက၌ နေ ရာတစ်နေရာ ရလာကာ
စီးပွားရေးလည်း အဆင်ပြေလာသည်။ တစ်ဖက်တွင်လည်း သတို့သမီး၏မိဘများကို ဇွဲမလျှော့စတမ်း ချဉ်းကပ်သဖြင့် နောက်ဆုံး
တွင် သတို့သ မီးမိဘများက ခေါင်းညိတ်လိုက်တော့ သည်။ ၎င်းတို့ သည် ယခု ဒီဇင်ဘာလတွင် လက်ထပ်လိုက်ကြသည်။
Unicode
အရပ် သုံးပေပင် မပြည့်သော်လည်း မိန်းမချောလေးကို ပိုင်ဆိုင်ခွင့်ရသွားသူ
တရုတ်နိုင်ငံ တွင် နေထိုင်သည့် ကွန် ဇီဝီဆိုသည့် အမျိုးသား သည် အရပ်သုံးပေ ပင် မပြည့်သော်ငြား မိန်းမချောလေးကို ပိုင်ဆိုင်ခွင့်

crd