
“ဆေးဖိုးနဲ့ နေ့စဉ်စားသောက်ရေးအတွက် အလှူခံထွက်ရရှာတဲ့ အသက်၈၄နှစ်အဖွားနဲ့ အသက်၇၈နှစ်အဖိုး”
“ဆေးဖိုးနဲ့ နေ့စဉ်စားသောက်ရေးအတွက်အလှူခံထွက်ရရှာတဲ့ အသက်၈၄နှစ်အဖွားနဲ့ အသက်၇၈နှစ်အဖိုး” ဖော်ပြပါအဖိုးနဲ့ အဖွားက ဒဂုံမြောက်ပိုင်း ၄၀ရပ်ကွက် ရန်ကြီးလမ်း နဲ့ မာဃ လမ်းထောင့် မှာနေထိုင်ပါတယ်။အဖွားက၈၄ နှစ် အဖိုးက ၇၈ နှစ်ရှိပြီလို့သိရပါတယ်။ အဖွားက မျက်လုံး နှစ်ဖက်လုံး မမြင်ရတော့ဘူး။အဖိုးက လည်းမျက်လုံး တစ်ဖက်က တိမ်ဖုံးနေပါတယ်။ သူတို့ကို ဘုန်းကြီးတစ်ပါးက အဲဒီ့ဆိုက်တွဲဆိုင်ကယ်လေး ပေးထားတာပါ။ အဖွားမျက်လုံးခွဲဖို့အလှူရှင်ရှိပေမဲ့တစ်ခြား ဆီးချိုရောဂါအတွက်သောက်ဆေးတို့စားဝတ်နေရေးအတွက် တစ်အားခက်ခဲနေလို့ မျက်လုံးကလဲ မမြင်ရ အလုပ်လုပ်လို့အဆင်မပြေတော့တဲ့အတွက်နှစ်ယောက် အလှူခံထွက်တာပါလို့သိရပါတယ်။အဖိုးနဲ့အဖွားကို လမ်းမှာကြုံကြိုက်လို့တွေ့တဲ့အခါ ကူညီလှူဒါန်းပေးနိုင်ဖို့ဖော်ပြပေးလိုက်ရပါတယ်။ အခက်အခဲရှိနေသောအဖိုးအဖွားများအား အလှူရှင်များတွေ့ရှိလှူဒါန်းနိုင်ရေးအတွက် တင်ပေးရခြင်းသာဖြစ်ပါတယ်။ Read more