
၂၇ နှစ်ကြာသစ္စာရှိဝန်ထမ်းဖြစ်သော်လည်း သူဌေးဖြစ်သူက ကော်တရာဖြစ်နေသောအခါ
၂၇ နှစ်ကြာသစ္စာရှိဝန်ထမ်းဖြစ်သော်လည်း သူဌေးဖြစ်သူက ကော်တရာဖြစ်နေသောအခါ ကုမ္ပဏီတွင် ၂၇နှစ်ကြာအောင် သစ္စာရှိစွာဖြင့်အလုပ်လုပ်ကိုင်ခဲ့သော်လည်း သူဋ္ဌေးဖြစ်သူက ကလေးမုန့်ဖို့လောက်ပင်မရှိသည့်ဘောပင်၊ဖန်ခွက်နှင့် ရုပ်ရှင်လက်မှတ်ကိုသာ ဆုချခဲ့သောကြောင့် စိတ်မကောင်းဖြစ်နေရသော အမျိုးသားလုပ်ငန်းတစ်ခုတွင် ယုံကြည်အားကိုးရပြီး သစ္စာရှိသော ဝန်ထမ်းများသာမရှိခဲ့လျှင် ပိုင်ရှင်သူဋ္ဌေးအနေဖြင့် အောင်မြင်သောလုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်နိုင်လိမ့်မည်မဟုတ်ပေ။အချို့သူဋ္ဌေးများဆိုလျှင် ဝန်ထမ်းတွေအတွက် လှည့်ကြည့်ခြင်းမရှိဘဲ အထက်စီးမှဆက်ဆံတတ်ကြပါတယ် အမေရိကန်နိုင်ငံ နီဗားဒါးရှိကုမ္ပဏီတစ်ခုတွင် အမျိုးသားတစ်ဦးသည် ၂၇နှစ်ကြာသည်အထိပင် အလုပ်မပြောင်းဘဲ သစ္စာရှိစွာဖြင့် ထမ်းရွက်ခဲ့ပါတယ်။ထို့ကြောင့်သူဋ္ဌေးဖြစ်သူက လက်ဆောင်ပစ္စည်းပေးလာသဖြင့် ဝမ်းသားစွာဖြင့်ကြည့်လိုက်ချိန်မှာတော့ အတော်လေးစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ လက်ဆောင်ပစ္စည်းတွေဟာ ကလေးမုန့်ဖိုးလောက်ပင် အဖိုးမတန်ဘဲ ဘောပင်၊ဖန်ခွက်နှင့် ရုပ်ရှင်လက်မှတ်တစ်ဆောင်အပြင် အခြားပစ္စည်းအသေးအဖွဲလေးတွေသာ ပါရှိ နေခဲ့တာဖြစ်ပါတယ်။ Read more