”ကျွန်တော်ဖုန်းတစ်လုံးဖြစ်ချင်တယ်”

”ကျွန်တော်ဖုန်းတစ်လုံးဖြစ်ချင်တယ်”

မိဘတွေ ဖုန်းကြီးပဲ နှိပ်မနေနဲ့နော် ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ

ကျောင်းဆရာမတစ်ယောက် ညစာစားပြီးတာနဲ့ ကျောင်းသားတွေရဲ့ အိမ် စာတွေကို စစ်ပေးနေတယ်။

သူ့ယောက်ျားကတော့ ဘေးနားမှာ ထုံးစံအတိုင်း ဖုန်းနဲ့ဂိမ်းကစားနေတာပေါ့။

နောက်ဆုံးအိမ်စာစစ်နေတုန်းမှာ ဆရာမက မျက်ရည်တွေကျလာတယ်။ သူ့ယောက်ျားကလဲ မြင်ရော

“မိန်းမ ဘာဖြစ်လို့ငိုတာလဲ၊ ဘာဖြစ်တာလဲ”

လို့မေးတယ်။

မိန်းမ – မနေ့တုန်းက ကျွန်မကျောင်းသားတွေကို “ကျွန်ုပ်၏ဆန္ဒ” ဆိုပြီး စာစီစာကုံး ရေးခိုင်းလိုက်တယ်။

ယောက်ျား – အေး အဲဒါနဲ့ မင်းက ဘာလို့ ငိုနေတာလဲ။

မိန်းမ – နောက်ဆုံးစာအုပ်ကို စစ်ရတာ ငိုချင်လာလို့ပါ။

ယောက်ျား – ဘာများရေးထားလို့လဲ။

မိန်းမ – သူရေးထားတာ နားထောင်ကြည့်။

“ကျွန်တော့်ရဲ့ ဆန္ဒကတော့ ဖုန်းတစ်လုံးဖြစ်ဖို့ပါ။

ကျွန်တော့်ရဲ့အဖေနဲ့အမေဟာ သူတို့ဖုန်းတွေကို သိပ်ချစ်တယ်။ အဲဒီဖုန်းတွေကိုပဲ ဂရုစိုက်ပြီး အချိန်ယူနေရလို့ တခါတလေ ကျွန်တော့် ကိုတောင် သိပ်ဂရုမစိုက်နိုင်ဘူး။

ကျွန်တော့်အဖေရုံးက ပင်ပန်းပြီးပြန်လာတဲ့အခါလဲ ဖုန်းကိုတော့ အချိန်ပေးတယ်။ ကျွန်တော့်အတွက်အချိန်မရှိဘူး။ သူတို့တွေ အရေးကြီးတဲ့အလုပ်လုပ်နေတုန်း ဖုန်းမြည်ရင် ချက်ချင်း သွားကိုင်တယ်။

ဒါပေမယ့် သူတို့တွေ အရေးကြီးတဲ့ အလုပ်လုပ်နေတုန်း ကျွန်တော်ငိုနေရင် ဂရုစိုက်ချင်မှ စိုက်တာ။

သူတို့တွေ ဖုန်းနဲ့ ကစားကြတယ်။ ကျွန်တော် နဲ့ မကစားကြဘူး။ သူတို့တွေ သူများနဲ့ဖုန်းပြောနေရင် ကျွန်တော် ပြောနေတာ အရေးကြီးရင်တောင်မှ နားမထောင်ဘူး။

အဲဒါကြောင့် …

”ကျွန်တော်ဖုန်းတစ်လုံးဖြစ်ချင်တယ်”

ဇာတ်လမ်း ကိုလဲ ကြားပြီးရော ယောက်ျား ဖြစ်သူပါ အရမ်း စိတ်မကောင်း ဖြစ်သွားပြီး “ဘယ်သူရေးတာလဲ” လို့ မေးတယ်။

မိန်းမ ဖြစ်သူ ဖြေလိုက်တာက “ငါတို့ သားရေးတာ” တဲ့။

ခေတ်မှီပစ္စည်းတွေ ဟာ ကောင်းပါတယ်။ ဒါပေမယ့် ဒါတွေဟာ မိသားစုနဲ့ ဆက်သွယ်တာ လွယ်ကူစေဖို့ ဖြစ်ရမယ်။ စိတ်ပိုင်းဆိုင်ရာ … အဆက် အ သွယ် ပြတ်ဖို့ မဖြစ်ရဘူး။

ကလေးတွေဆိုတာ သူတို့ အနီးအနားမှာ ဖြစ်ပျက် နေတာ မှန်သမျှ မြင်တယ်။ ခံစားတယ်။ အဲဒါ တွေကို သူတို့ ရဲ့ စိတ်နှလုံးထဲမှာစွဲပြီး သူတို့ ဘဝမှာ အများကြီး သက်ရောက်မှုရှိတယ်။

သူတို့လေးတွေ ကောင်းကောင်း ကြီးပြင်းစေဖို့ ကလေးတွေကို လိုအပ်တဲ့ ဂရုစိုက်မှုပေးရအောင်………..

Credit to original writer

Unicode

Leave a Reply

Your email address will not be published. Required fields are marked *