ချမ်းသာတဲ့သူထက် ဆင်းရဲတဲ့သူကဘာလို့ပိုများနေရတာလဲ

အောင်မြင်မှုဆိုတာကကိုယ့်ဆီသို့ ဝင်ရောက်လာဖို့အတွက် ခက်ခဲပေမယ့် ထွက်သွားဖို့ကျတော့ အရမ်းကို လွယ်ကူလှပါတယ်။

ငွေဆိုတာ လူတစ်ယောက်ရဲ့ အိတ်ကပ်ထဲမှာ ကြာကြာမနေဘူး။တစ်ယေ ာက် အိတ်ကပ်ထဲမှာ နေပြီးတာနဲ့ တစ်ခြားတစ်ယောက်ရဲ့ အိတ်ကပ်ထဲကိုထွက်သွားဖို့ အမြဲတမ်း ထွက်ပေါက်ကို ရှာနေတဲ့ အရာပဲ ဖြစ်ပါတယ်။

ထွက်သွားဖို့ လုပ်နေတဲ့ ကိုယ့်ရဲ့ ငွေတွေကို ကောင်းစွာ အသုံး မပြုနိုင်ရင် ဆင်းရဲမှု ဒုက္ခသို့ ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် Advice Myanmar ရဲ့စာဖတ်မိတ်ဆွေတွေအတွက် ချမ်းသာသူထက်ဆင်းရဲတဲ့သူကဘာလိုပိုများနေရတာလဲ အကြောင်းရာလေးကိုမျှဝေပေးလိုက်ပါတယ်။

၁။ ရည်မှန်းချက်မရှိခြင်း

ရည်မှန်းချက် မရှိရင် ဆင်းရဲဒုက္ခသို့ ရောက်ရှိတတ်ပါတယ်။ရည်မှန်းချက် မရှိရင် မချမ်းသာနိုင်ပါဘူး ။ ချမ်းသာချင်တယ် အောင်မြင်ချင်တယ်ဆိုရင် ရည်မှန်းချက် ပန်းတိုင်ထားရှိရပါမယ် ။

ကိုယ်သွားမယ့်နေရာ ဦးတည်ချက် မရှိသော သူဟာ သဲကန္တာရထဲမှာ လမ်းပျောက်နေတဲ့သူနဲ့တူပါတယ်။ သွားသာသွားနေတယ် ဘယ်ကိုသွားနေမှန်းလဲမသိ ၊ ဘယ်ကိုရောက်မယ်မှန်းလဲမသိတဲ့သူတစ်ယောက်လိုပါပဲ ။ ဒါကြောင့် ကိုယ့်ရဲ့အနာဂတ်ဘဝတွေလှပဖို့အတွက် ရည်မှန်းချက်ပန်းတိုင်ကို မဖြစ်မနေထားရှိရပါမယ်။

၂ ။ ဝင်ငွေ ထွက်ငွေမမျှခြင်း

ဝင်ငွေနှင့် ထွက်ငွေ မျှတမှုမရှိလျှင် ဒုက္ခ ရောက်တတ်ပါတယ်။ကိုယ့်ရဲ့ဝင်ငွေက တစ်လကို ၂ သိန်းရှိတယ်ဆိုရင် ပြန်ထွက်သွားတာက တစ်လကို ၁သိန်း၉သောင်းလောက်ဆိုရင် ဘာမှ မကျန်တော့ဘူး။

ဒါဆို တစ်လရှာတာ တစ်လအသုံးစရိတ်နဲ့ပြန်ကုန်ရင်းသံသရာလည်နေမှာပါ။ ဒါကြောင့် ဝင်ငွေနဲ့ ထွက်ငွေကိုမျှမျှတတ သုံးစွဲတက်ဖို့အအရမ်းအရေးကြီးပါတယ်။ ဝင်လာတဲ့ငွေကိုသုံးပုံ ပုံပြီး တစ်ပုံကို စု၍ ကျန်နှစ်ပုံနဲ့ မျှတစွာ သုံးစွဲနိုင်အောင် ကြိုးစားကြပါနော်။

၃။ Plan မရှိခြင်း

ကိုယ့်ရဲ့ဝင်ငွေ ထွက်ငွေကိုအသေးစိတ်ကအစ စာရင်းဇယား လုပ်ထားပါ။ ဝင်တာ ဘယ်လောက် ထွက်သွားတာက ဘယ်လောက်ဆိုတာကို သိရှိဖို့ အတွက် စာရင်းဇယား ပြုလုပ်ထားတာဟာ အရမ်းကောင်းမွန်ပါတယ်။အနာဂတ်မှာ ကိုယ်ဘာလုပ်ချင်တယ် ဘာဖြစ်ချင်တယ် ဆိုတာကို plan ဆွဲထားဖို့ လိုအပ်ပါတယ်။

တိကျသော plan ဖြစ်နေပါက တိကျသော အောင်မြင်မှုကို ပိုင်ဆိုင်နိုင်မှာပါ။ အနာဂတ်မှာ ဖြစ်ချင်တာ လုပ်ချင်တာတွေကို ပစ္စုပ္ပန်မှာ တိကျသော plan ချ၍ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ plan ဇယား ဆွဲထားမှ ဘယ်အရာကောင်းတယ်။ ဘယ်အရာက မပြီးသေးဘူး။

ဘယ်အရာက ညီမျှတယ် စသည်ဖြင့် မြင်သာနိုင်မယ်။လိုအပ်ချက်တွေကို plan ဇယားကြည့်ခြင်းဖြင့် ထင်ရှားစွာ သိမြင်နိုင်ပါတယ်။ ဒါကြောင့်တိကျသော plan ရေးဆွဲ၍ လိုအပ်ချက်တွေကို အကောင်အထည် ဖော်ဆောင်လိုက်ပါ။

၄ ။ စုဆောင်းမှုမရှိခြင်း

မိမိရဲ့ အလုပ်အားဖြင့် ရသော တစ်နေ့ ဝင်ငွေအတွက် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အနည်းငယ် စုဆောင်းပါ။စုဆောင်းမှုဟာ အနာဂတ်အတွက် လိုအပ်ချက် ခက်ခဲမှုတွေကို ကူညီပေးမယ့် ကူညီရှင်တစ်ဦးသာ ဖြစ်၏။

စုဆောင်းမှုမရှိလျှင် မိမိရဲ့ အခက်အခဲကို ပူပင်စွာ အဖြေရှာရ၍ ဒုက္ခကြီးနဲ့ ကြုံတွေ့ရတတ်ပါတယ်။ဖြစ်နိုင်ပါက မိမိတတ်နိုင်သလောက် စုဆောင်း နိုင်သမျှ စုဆောင်းကြပါ။

လူဆိုတာ ခက်ခဲမှု မျိုးစုံနဲ့ ကြုံတွေ့ရတတ်ပါတယ်။ခက်ခဲမှုကို ဖြေရှင်းနိုင်ဖို့ ၊ အနာဂတ်ကို ပုံဖော်ဆောင်ဖို့ စုဆောင်းမှုတွေ ပြုလုပ်ထားရပါမယ်။

၅။ ကိုယ့်ကိုကိုယ် ယုံကြမှုမရှိခြင်

း ဘဝမှာ အောင်မြင်ကြီးပွါးတိုးတက်ဖို့အတွက်အရေးကြီးဆုံးအချက်ကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ပါ ။

ကိုယ့်ကိုကိုယ် ယုံယုံကြည်ကြည်နဲ့ ပြုလုပ်သော သူဟာ အနည်းဆုံးတော့ သင်ခန်းစာ တစ်ခုရရှိပါတယ်။ အောင်မြင်ဖို့အတွက် စိတ်ကူးကောင်းတွေရှိနေယုံနဲ့လည်း မဖြစ်နိုင်ပါဘူး။အကောင်အထည် ဖော်နိုင်အောင် ကြိုးစားမှ ကိုယ့်ရဲ့ စိတ်ကူးကောင်းကို လူတိုင်းလက်ခံ လာမှာပါ။

ဒါကြောင့် မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ရဲဝံ့စွာ လုပ်ဆောင်ပါ။ဆင်းရဲတဲ့ သူတွေအများစုဟာ အလုပ် မစတင်ခင် ဆုတောင်းမှု စိုးရိမ်မှု ကြောင့် ကြမှုတွေ အရမ်းများကြပါတယ်။

စိုးရိမ်မှုများတာဟာ မိမိကိုယ်ကို ယုံကြည်မရှိသောကြောင့်သာ ဖြစ်၏။ အလုပ် မစတင်ခင် စိတ်ပူပင်မှုရှိနေလို့ မဖြစ်ပါဘူး။ စိုးရိမ်မှုဟာ အောင်မြင်မှုကို နှောင်းနှေးစေပါတယ်။

နောင်တတွေနဲ့လည်း ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။ ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင်ထည်ဖော်နိုင်ဖို့အတွက် ရဲဝံ့စွာ ရင်ဆိုင်လိုက်ပါ။အားလုံးပဲအနာဂတ်မှာအောင်မြင်ကြီးပွါးတိုးတက်ကြပါစေ…credit

Unicode

Leave a Reply

Your email address will not be published. Required fields are marked *