စိတ်ကုန်ခြင်းအနုပညာ

စိတ်ကုန်ခြင်းအနုပညာ

လူတစ်ယောက်ကိုတကယ်စိတ်ကုန်သွားပြီဆိုရင်သူနဲ့ပတ်သက်တာမှန်သမျှစိတ်လည်းမဝင်စားတော့သလိုလာပြောလည်း ရင်ကိုမတုန်တော့တာပုံမြင်ရင်လည်း မထူးဆန်းသလိုခံစားရပြီးလူတွေ့ရင်လည်း ဘာမှကိုမတုန်လှုပ်တော့တာ

မုန်းသွားတာလည်းမဟုတ်ဘူးနာကြဉ်းနေတာလည်းမဟုတ်ဘူးကြောက်နေတာမျိုးလည်းမဟုတ်ပြန်ဘူးကိုယ့်စိတ်ထဲမှာသူကတစ်ခါမှမမြင်ဘူးမပေါင်းသင်းဘူးတဲ့လူလိုဖြစ်သွားတော့တာ

ချစ်ခြင်းမုန်းခြင်းတွေမရှိတော့တဲ့ခံစားချက်ကစိတ်ကုန်သွားခြင်းပါသူ့ကိုထိခိုက်အောင်လုပ်တာမျိုးလည်းစိတ်ထဲမရှိတော့သလို

သူ့ကိုတမ်းတလွမ်းဆွတ်နေတာမျိုးလည်းမရှိတော့ဘူးလူတွေကသူ့အ ကြောင်းမကောင်းကြောင်းတွေလာလာပြော

တဲ့အခါတိုင်းမှာဝင်မပြောချင်တော့သလိုကောင်းကြောင်းတွေနဲ့ချီးမွမ်းခန်းဖွင့်နေတဲ့အခါတွေမှာလည်း ဘာမှဝင်မပြောတော့ဘဲပြုံးပြီးသာနားထောင်နေတာမျိုးပါ…

စိတ်ကုန်သွားခြင်းဟာရေစက်ကုန်သွားတာပါပဲလင်မယားတွေသမီး ရည်းစားတွေအရမ်းခင်မင်ရတဲ့မိတ်ဆွေတွေဟာအကြောင်းတရားမျိုးစုံကြောင့်စိတ်ကုန်သွားနိုင်ကြပါတယ်

စိတ်ဆိုးတာဟာ အကြောင်းကိစ္စတစ်ခုခုကြောင့်ဖြစ်ပြီးစိတ်ကုန်တာက တော့အကြောင်းအရာတွေအားလုံးဟာတဖြေးဖြေးနဲ့အဆင်မပြေမှုတွေစိတ်သဘောထားခြင်းမတိုက်ဆိုင်မှုတွေစုလာပြီးနောက် ဆုံးဖြစ်လာတဲ့အကြောင်းကိစ္စတစ်ခုကြောင့်လမ်းခွဲလိုက်တာမျိုးပါ

ဒါ့ကြောင့်လူတစ်ယောက်စိတ်ဆိုးသွားတယ်ဆိုရင်သူစိတ်ပြေလည်ချိန်မှာပြန်လည်ရှင်းပြတောင်းပန်ညှိနှိုင်းလို့ရနိုင်ပေမယ့်စိတ်ကုန်သွားပြီဆိုရင်တော့သင်ဘာမှမတတ်နိုင်တော့ပါဘူး

ဘာမှဆက်လုပ်လို့မရတော့ဘဲစိတ်ကုန်သွားတဲ့သူကိုထပ်တလဲလဲတောင် းပန်နေခြင်းထပ်ခါထပ်ခါရှင်းပြနေခြင်းကြားလူတွေပါဝင်ညှိနှိုင်းစေခြင်းကပြဿနာကိုပိုမိုဆိုးရွားစေတယ်ဆိုတာသတိပြုပါ

လောကမှာလူနှစ်ဦးဟာရေစက်ရှိသလောက်ပဲဆုံတွေ့ခွင့်ရှိတယ်ဆိုတာမမေ့ပါနဲ့ရေစက်ကုန် စိတ်ကုန်သွားတဲ့အခါဘာမှဆက်လုပ်လို့မရတော့တာမို့အဲဒီအခြေအနေကိုဒီအတိုင်းသာထားလိုက်ပါ

ရေစက်ကုန်သွားတဲ့အခြေအနေကိုထပ်မံဆိုးရွားအောင်ဖန်တီးနေခြင်းကသင့်ကိုအန္တရာယ်ဖြစ်စေတယ်သူ့ကိုလည်းအနှောက်အယှက်ဖြစ်စေနိုင်တယ်ဆိုတာသတိပြုပါ

ဒါ့ကြောင့်အကယ်၍များရေစက်တွေကုန်သွားခဲ့ကြရင်ဖြင့်သင်လည်း သင့်လမ်းသင်ဆက်လျှောကသူလည်း သူ့လမ်းသူဆက်လျှောက်ကြရင်းအတူတူဆုံတွေ့ခဲ့ဖူးတဲ့အတိတ်ဟာ အတိတ်အတိုင်းပဲလှပစွာကျန်ရစ်ခဲ့ပါစေ

Unicode

Leave a Reply

Your email address will not be published. Required fields are marked *