စိတ်ကို ကျွဲထိန်းသလို ထိန်းပါ
တစ်ခါတော့ မြစ်ဝကျွန်းပေါ် ဒေသတစ်ခုသို့ဆရာတော် တရားဟောကြွလေ၏။
ထိုဒေသတွင် မိုးများသည့်အတွက်တောင်ယာသမား အများစုသည်နွားအစား ကျွဲများဖြင့်သာထွန်ယက်စိုက်ပျိုးကြရလေ၏ ။
ကျွဲများသည် သန်မာထွားကျိုင်းပြီးချိုကြီးများကားနေ၏ ။ဆရာတော်သည် ကျွဲကြီး
များကို မြင်သောအခါထိုဒေသမှ ဒကာကြီးများကိုယခုကဲ့သို့ မေးကြည့်လေ၏ ။
“ ဒကာကြီး ဒီလောက်သန်မာတဲ့ ကျွဲကြီးတွေကဒကာကြီးတို့ကို ပြန်ပြီးရန်မမူကြဘူးလား ”“ တစ်ခါတလေတော့ ရန်မူတယ်ဘုရား ၊
တလောက ဟိုဘက်ရွာကတောင်သူတစ်ယောက်ကျွဲခတ်လိုက်တာ ဗိုက်ပေါက်ပြီးနေရာမှာတင် ပွဲချင်းပြီးသေပါရောလားဘုရား ”
“ အိုးကြောက်စရာ ကောင်းလိုက်တာ ၊ကျွဲထိန်းရတာလည်း တော်တော်အန္တရာယ်များတာပဲ ”“ ဒါက ဖြစ်ခဲပါတယ်ဘုရား ၊
သူတို့ ကျွဲထိန်းတဲ့နေရာမှာညှာလိုက်လို့ပါ”“ ဒကာကြီးက ဘယ်လိုထိန်းလို့လဲ၊ကြောက်အောင် ရိုက်နှက်ထားလို့လား ”“ တစ်ချက်မှ
ရိုက်နှက်စရာမလိုဘဲထိန်းတဲ့နည်းရှိတယ်ဘုရား ”“ ဒကာကြီးတို့နည်းက ဘုန်းကြီးတို့လိုမေတ္တာသမားနဲ့
ကိုက်တာပေါ့ ၊ဘယ်လိုထိန်းတာလဲ”“ အလုပ်နဲ့ ထိန်းတာပါဘုရားလယ်ချိန် လယ်ထွန်တယ် ၊
ယာချိန် ယာထွန်တယ် ၊လယ်တွေ၊ ယာတွေ မရှိရင်ရေခပ်ခိုင်းတယ်။ရေစည်ကို လှည်းပေါ်တင်ပြီး
မြစ်ရေကိုသယ်တယ်။ရေသယ်စရာ မရှိရင်ထင်းလိုက်တယ်ဘုရား …”
“ အဲဒီလို မနားတမ်း ခိုင်းနေမယ်ဆိုရင်ဒီကျွဲဟာပင်ပန်းပြီးညောင်းနေတဲ့အတွက်နားရတဲ့အချိန်လေးမှာငြိမ်နေတာပေါ့ဘုရား။ဒေါသဖြစ်ချိန်ကိုမပေးတော့ဘူးဘုရား ”
“ အို… ဒကာကြီးတို့ပြောတဲ့ကျွဲထိန်းနည်းက ဘုန်းကြီးအတွက်တော့တရားတစ်ပုဒ်ပါပဲ ၊ကျွဲကြီးကို စိတ်နေရာမှာထားပြီးစိတ်ကို
အလွတ်မထားဘူးအမြဲခိုင်းနေမယ်ဆိုရင်လောဘ၊ ဒေါသ ၊ မောဟဆိုတဲ့ကိလေသာတွေ မဝင်နိုင်ဘူးပေါ့ ”
” ဒါကြောင့်ကိုယ်တော်တို့ တတွေလည်းစိတ်ကို အအားမပေးနဲ့ ။စိတ်ဆိုတာမကောင်းတဲ့ ဘက်မှာ ပျော်တာ ။အားနေရင် စာဖတ်၊ စာရေးတရားနာ။ဟောအဲဒီလိုမနားတမ်း လုပ်ကြပါလို့တိုက်တွန်းပါတယ် ”လေးစားလျက်ပါ…
Unicode