တောက ဒေါက်တာရမ်းကုနှင့် မြို့ကြီးသူ မမနဲ့တွေကြလေသောအခါ

နယ်မြို့သေးသေးလေးတွေမှာ… ရမ်းကုတွေခေတ်ကောင်းစဉ်ကပေါ့ ….ရမ်းကုတစ်ယောက်ကတော့ တော်တော်နာမည်ကြီးတယ်

ကြီးရတဲ့အကြောင်းရင်းကလည်း ဘာရောဂါပဲဖြစ်ဖြစ် သူပေးတဲ့ဆေးကတော့.. ဘာမီတွန်ပဲ…..

အာ့ကြောင့် နာမည်အရင်းတောင်ပျောက်ပြီး အားလုံးသိကြတာကတော့ သူ့နာမည် ဒေါက်တာဘာမီတွန်

တနေ့တော့ .. မြို့ကြီးကနေ အလည်ရောက်လာတဲ့ မတ်မတ်တယောက်က ဒေါက်တာဘာမီတွန်ကို ပညာစမ်းချင်လို့ သူ့သမီးလေးကိုခေါ်သွားပြီး…..”

ဆရာ ကျွန်မသမီးလေးဖျားချင်သလိုလိုဖြစ်နေလို့ပါ ” ဆိုတော့… ပေး လို က်တဲ့ဆေးက ဘာမီတွန်ပဲ …..

အာ့နဲ့ နောက်ရက်မှာတခါထပ်သွားတယ်” ဆရာ ကျွန်မနူံးညောင်းပြီး ခေ ါင်းမကြည်သလိုဖြစ်နေလို့ပါ ” ဆိုတော့ ပေးလိုက်တဲ့ဆေးက ဘာမီတွန်ပဲ

မတ်မတ်လည်း သိပ်တော့မကျေနပ်သေးဘူး ….ဒီရမ်းကု ဘာမီတွန်ဆေးပေးလို့မရအောင်

ဘာရောဂါလို့ပြောရမလဲ အသည်းသန်စဉ်းစားနေရတာ နှစ်ရက်သုံးရက်လောက်ကြာသွားတယ်….အဲ !

စဉ်းစားလို့ရပြီဆိုတဲ့နေ့ကျတော့… ဒေါက်တာဘာမီတွန်ရဲ့ဆေးခန်းထဲကိုရင်ကော့ဝင်သွားတယ်

ဒင်း ဒီတခါတော့ဘာဆေးပေးမလဲပေါ့” ဆရာ ကျွန်မ ကလေးမလိုချင်လို့ သားဆက်ခြားချင်လို့ပါ “လို့လည်းပြောလိုက်ရော ဒီတခါတော့

ဒေါက်တာဘာမီတွန်လည်း ခေါင်းစားသွားတယ်ထင်တယ်

ဖင်ကုပ်လိုက် ခေါင်းကုပ်လိုက်လုပ်နေတယ် ….မတ်မတ်ကတော့ ပျော်နေတာပေါ့ …..ဒင်း

ဒီတခါတော့ဘာတတ်နိုင်သေးလည်းဆိုတဲ့ အတွေးနဲ့ကျိတ်ပျော်နေတာပေါ့ …..ဒါပေမဲ့ မတ်မတ်ရဲ့အပျော်တွေကြာကြာမခံပါဘူး

ဘာဖြစ်လို့လဲဆိုတော့ ဒေါက်တာဘာမီတွန်ပြောလိုက်တာက…..” အေးဗျာ ဘာမီတွန်ပဲယူသွားလိုက်ပါ ”

” များများပေးလိုက်မယ် ” ” ဒါပေမဲ့ ခင်ဗျားမသောက်နဲ့ ” ” ခင်ဗျားယောက်ျားကိုသာ တိုက်လိုက်ပါ”…တဲ့….

အဲ့ဒါလည်း ဟုတ်နေတာပဲလေ… ယောက်ျားကို ဘာမီတွန်နေ့တိုင်းတိုက်ရင် နေ့တိုင်း အိပ်ပြီလေ…ဘားမှ မဘာနိုင်တော့ သားဆက်ခြားပြီပေါ့…။

တိန်…!!!

Unicode

Leave a Reply

Your email address will not be published. Required fields are marked *