အလှအပအတွက် ပူစီနံရဲ့အသုံးဝင်ပုံ
ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်ကြီးရဲ့အလှအပအတွက် ပူစီနံရွက်ရဲ့အသုံးဝင်ပုံလေးတွေကို ဝေမျှပေးချင်ပါတယ်။
အလွယ်တကူဝယ်ယူလို့ရတဲ့ ပူစီနံမှာဆိုရင် Antibacterial အစွမ်းသတ္တိအများကြီးပါဝင်နေတာကြာင့်
မကြာခဏ ဝက်ခြံပေါက်တတ်သော အသားအရေပိုင်ရှင်များအနေနဲ့ကြိတ်ချေထားသော ပူစီနံရွက်ကို
Oat ဂျုံဖြင့်ရောနယ်လိမ်းပေးကာမိနစ် ၂၀ အကြာတွင် ရေနွေးနွေးဖြင့်
သန့်စင်ဆေးကြောပေးနိုင်ခြင်းအားဖြင့် ဝက်ခြံတွေကို သက်သာစေမှာပါနော်။
မျက်နှာပေါ်အမည်းအစက်ပြောက်ရှိသူများအတွက်ကတော့
ပူစီနံရွက်ခြောက်ကို မန်ကျည်းသီးအနှစ်၊ ရေအနည်းငယ်တို့ဖြင့်
ခပ်ပျစ်ပျစ်ဖျော်ကာ အမည်းအစက်အပြောက်များပေါ်သို့ လိမ်းကျံပေးနိုင်ပါ တယ်။
စိတ်ရှည်ရှည်နဲ့ဂရုတစိုက်လုပ်ပေးမယ်ဆိုရင် သိသာလှပလာပါလိမ့်မယ်နော်/
ပူစီနံကို အသုံးပြုသင့်တဲ့အကောင်းဆုံးအချက်ကတော့ဓာတ်တိုး ဆန့် ကျင်ပစ္စည်းတွေပါဝင်တဲ့အတွက်
အိုမင်းရင့်ရော်ခြင်းကနေ ကာကွယ်ပေးနိုင်တာကြောင့်ပါပဲရှင်။
ဒါ့အပြင် ၀ိတ်ချချင်တဲ့ ချစ်တို့အတွက် သခွားသီး ၊ သံပုယိုရည် ၊ ပူစီနံ ၊ ဂျင်း နဲ့ ရေတို ့ကို
ဖော်စပ်သောက်သုံးပြိးဝိတ်ချလို့ရပါတယ်နော်။
Unicode