1.April.2021 မှ 7.April.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးများ ဟောစာတမ်

1.April.2021 မှ 7.April.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးများ ဟောစာတမ်း

တနင်္ဂနွေ

မိမိ၏ လုပ်ကိုင်ဆောင်ရွက်မှုများ အားလုံးတွင် ဂုဏ်သိက္ခာကျဆင်းစေ သော ဖြစ်ရပ်များ ကြုံတွေ့နေရတတ် ပါသည်။

ယခုကာလများအတွင်း နှုတ်လွန်၊ လက်ပါ၊ ပြောဆိုမိခြင်းမျိုး အထူးရှောင်ကြဉ်ရန် လိုအပ်ပါသည်။ လူလိမ် ခံရခြင်းနှင့် ငွေလိမ်ခံရခြင်းမျိုး ကြုံတွေ့ရတတ်ပါသည်။

သူတစ်ပါးကို ယုံကြည်မှုလွန်ကဲခြင်းတို့ မဖြစ်စေရန် အထူး သတိထား ရှောင်ကြဉ်ပါ။ ထီပေါက်ခြင်း၊ ငွေဝင်ခြင်း၊ ရာထူးတိုးခြင်း၊ နိုင်ငံခြားခရီ းသွားရခြင်းများ၊ နိုင်ငံခြားသား များနှင့် ပူးတွဲစပ်တူလုပ်ငန်းများ လုပ် ကိုင်ဆောင်ရွက်ရခြင်းများတွင် အထူးအဆင်ပြေပါလိမ့်မည်။

မိဘနှင့် အနည်း ငယ်သဘောထား မတိုက်ဆိုင်ခြင်းဖြစ်တတ်၍ သတိထား ဆက်ဆံပါ။ သူငယ်ချင်းကောင်း များ ကြောင့် မိမိအခက် အခဲများအ ဆင်ပြေမှုရမည်။ ဤကာလထဲတွင် သားသမီးရတနာရလိုသူများ ရလွယ်တ တ်သည်။ လူငယ်များ အချစ် ရေး ၌ အဆင်မပြေဖြစ်မည်။

ချစ်သူနှင့်ခေတ္တခွဲနေရမည်။ သို့မဟုတ်သဘောကွဲလွဲမည်။ အိမ်ထောင်ရှင်များ အရာရာ ညှိနှိုင်းလုပ် ရမည့်အချိန်ဖြစ်သည်။စိတ်ဝမ်းကွဲလေပိုညံ့လေပါပဲ။ ပညာရှာနေသူများအခွင့်အရေးကောင်း များရလိမ့် မည်။ မိ သားစု အလိုက် ကုသိုလ်ကြီးကြီးမားမားပြုရလိမ့်မည်။

ကျန်းမာရေးကတော့တစ်ခါ တစ်ရံ ဗိုက်မကောင်းခြင်း၊ ဒူးနာခြင်းအ နည်းငယ်ခံစားရမည်။

အကျိုးပေးဂဏန်း ၆/၅/၉အထူးဟော ကံအဆိုးလေးတွေများနေတတ် သည်။

ယတြာ အိမ်ကဘုရားတွင် ကိတ်မုန့် နှစ်ချပ် ကပ်လှူ၍ လိုရာဆန္ဒပြုပေးပါ။

တနင်္လာ

ဒီကာလအတွင်းရသမျှအား လောက်ငှအောင် သုံးစွဲသည့်တိုင် လောဘ ကြီးနေမိလိမ့်မည်။ ကိုယ်ပိုင်လုပ်ငန်း များနှင့် အကျိုးပေးပါလိမ့်မည်။ အရောင်းအဝယ်နှင့် ကုန်သည်လုပ်ငန်းများအတွက် စနစ်တကျ ကြပ်ကြပ်မက်မက် လုပ်နိုင်ကာမှ ကြီးပွားချမ်းသာလာပါလိမ့်မည်။

စိတ်စေတနာကောင်းလွန်းသူဟူ၍ နာမည်ဂုဏ်သတင်း ထင်ရှား ကျော် ကြားပေးလိမ့်မည်။ ကျန်းမာရေးဂရုပြုပါ။ ခေါင်းအုံခြင်း၊ကိုယ်လက်နာကျင်ခြင်း၊အရေပြား ယားယံခြင်းများ ဖြစ်တတ်သည်။အလုပ်ပင်ပန်းခြင်းကြောင့်ခွန်အားဆုတ်ယုတ်တတ်ပါသည်။

သမီးမိန်းကလေးများအတွက် စိုးရိမ် သောကများ ဖြစ်ပေါ်လာရတတ်ပါသည်။ အမျိုးသမီးများနှင့် စပ်တူစီးပွားလုပ်ခြင်းဖြင့် အကျိုးရှိပါမည်။ ပညာရေး ဆိုင်ရာ အဆင့်မြင့်နည်းပညာများ လေ့လာသင်ယူမှုများ ပြုရပါလိမ့်မည်။

မိသားစုအတွင်း ကိုယ်ဝန်ဆောင် ရှိသော် လုပ်ငန်းများအဆင်ပြေမည်။ သူတစ်ပါးမကောင်း ကြံခံရကံမရှိပါ။ လူငယ်များစေ့စပ်ရခြင်း၊ မင်္ဂ လာဆောင်ရခြင်း များ ကြုံရတတ်သည်။ အိမ်ထောင်ရှင်များအိမ်ထောင်ရေးသာယာမည်။

မိအိုဖအိုများရှိက ကျန်းမာရေး အတွက် စိတ် ပူ ရမည်။ စက်ပစ္စည်း အသ စ် များရမည်။ စက်ပစ္စည်းအလဲအထပ်ကိစ္စများဆောင်ရွက်နိုင်ပါလိမ့်မ ယ်။ မိသားစု အတွင်းတစ်ဦးဦးခရီးဝေးကာလရှည်သွားရလိမ့်မည်။

အကျိုးပေးဂဏန်း ၃/၆/၇အထူးဟော ကျန်းမာရေးဂရုစိုက်ဖို့လိုအပ်သ ည်။

ယတြာ ကလေးငယ်တစ်ဦးအား စမူဆာ နှစ်ခုပေးလိုက်ပါ။

အင်္ဂါ

ဒီကာလအတွင်း ဉာဏ်ပညာထက်မြက်၍ စဉ်းစားတွေးခေါ်မှု ကောင်းမွန်လာပါလိမ့်မည်။ ယှဉ်ပြိုင်ပြောဆို ခြင်းများ ရှောင်ကြဉ်ပါ။ အိမ်၊ ခြံ၊ မြေနှင့်ဆက်စပ်၍ အိမ်ထောင်ဘက်နှင့် စကားများနေရတတ်ပါသည်။

စိတ်မရှည် စွာ၊ ဇွတ်လုပ်မိခြင်းကြောင့် အနိုင်ရမည့်ကိစ္စများ ရှုံးသွားရတတ်သည်။ အကျိုးမဲ့သော ကုန်ကျစရိတ်များ ရှိနေပါ လိမ့်မည်။ မိမိဆန္ဒရှိသော ကိစ္စများအတွက် စိတ်ရှည်ရှည်ဖြင့်သာ ဆက်တိုက်ဆောင်ရွက် လုပ်ကိုင်သွားပါ။

လက်မောင်းနှင့် ဒူးတို့တွင် နာကျင်ကိုက်ခဲမှုများ ဖြစ်စေရတတ်ပါသည်။ မိမိပတ်ဝန်းကျင်၌ အတိုက်အခိုက် အနည်း ငယ် ကြုံမည်။ လုပ်ငန်းသစ်များလုပ်ဆောင်ရန်ခရီးဝေးသွားရမည်။ လူငယ်များအချစ်ရေးပြန်ကောင်းလာမည်။

မင်္ဂလာကိစ္စစီစဉ်ရမည်။အချစ်ရေးအတွက် စိတ်ချမ်းသာရမည်။ အိမ်သို့အပူသောကတွေ့လာသူများ အိမ်ဦးခန်းတွင် ညသိပ်လက်မခံရ။အခြားအခန်းတွင် အိပ်ရာပြင်ပေးလိုက်ပါ။ မိခင်ကျန်းမာရေးညံ့တတ်သည်။

စက်ရုံအဆောက် အဦးဆောက်လုပ်ခြင်း၊ဂိုဒေါင်များပြုပြင်ခြင်းလုပ်သော်ပြီးစီးအောင်မြင်မည်။ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအမြတ်အစွန်းနည်းမည်။ဝန်ထမ်းများအဝင်အထွက်အပြောင်းအလဲများမည်။

ငွေကြေးကိစ္စများကြောင့်အမှုအခင်းများရင်ဆိုင်ရမည်။ယခုကာလအတွင်းမြေမဝယ်သင့်ပါ။ မိမိလုပ်ငန်းအားတိုက်ခိုက်နှောက်ယှက်သူပေါ်မည်။ သို့သော် တစ်ဖက် တစ်လမ်းမှတိုးတက်လာမည်။

အကျိုးပေးဂဏန်း ၁/၄/၇

အထူးဟော ကံအကောင်းများပါတယ်။

ယတြာ ငါးများနှင့် ခိုကလေးများကို အာဟာရဒါန ပြုလုပ်ပေးပါ။

ဗုဒ္ဓဟူး / ရာဟု

မိမိ၏ လိုအပ်ချက်များအတွက် လူကြီးများမှ ကူညီမှုပြုပါလိမ့်မည်။ အ ရေးပါ၍ အရာရောက်သော သူများ နှင့် မိတ်ဆွေ၊ အပေါင်းအသင်း ဖြစ်ရတတ်ပါသည်။ မိမိအား အဆင့်တိုးရာထူးပေးခြင်းကိုလည်း ခံရတတ် ပါသေး သည်။

ခံစားရခက်သော ပြဿနာများ ဖြစ်ပေါ်နေရပါလိမ့်မည်။ လုပ်ဖော် ကိုင်ဖက်များ၏ အထင်အမြင်လွဲ မှားခြင်း များ ရှိနေပါလိမ့်မည်။ အတူနေထိုင်သူအချင်းချင်း ကတုံးကတိုက် ပြုကြပေလိမ့်မည်။

လူကြီးများတက်စာ တွေ သတိထားစားပါ။ခေါင်းကိုက်ခြင်း၊ သွေးတိုးခြင်းများ ဖြစ်စေရတတ်ပါသည်။ ဝမ်းချုပ်မခံရ။ ခေါင်းထိုးခြင်း၊ အကြေ ာ တက်ခြင်းခံစားရမည်။ ဆွေမျိုးသားချင်းများ ထံမှ ကောင်းသော မင်္ဂ လာသတင်းစကားများ ကြားသိရတတ် ပါသည်။

အများနှင့်ဆက်ဆံရေးတိုးတက်ကောင်းမွန်မည်။အချစ်ရေး ကံမကောင်းသေးပါ။သို့သော် ရည်းစားလက်မဲ့ဖြစ်နေသူ များချစ်သူအသစ်ရတတ်သည်။ မိဘစီးပွားရေးအတွက် ကူညီပေးရမည်။ အိမ်ခန်းတိုက်ခန်းများဝင်မည်။

အိမ်ထောင် ရှင်များသားသမီးကြောင့်စိတ်ချမ်းသာရမည်။ လူငယ်များပညာရေးကံကောင်းမည့်ကာလဖြစ်သည်။ မိတ်ဆွေ ကောင်း ဆရာကောင်းတွေ့မည်။ မိဘများလုပ်ငန်း အခြေအနေသစ်စတင်ရန်ကြံစည်နေလိမ့်မည်။ ပြည်ပ လုပ်ငန်း ရှင်များနှင့်ဆက်စပ် လုပ်ကိုင်ရာတွင်အကျိုးရှိမည်။

အကျိုးပေးဂဏန်း ၁/၂/၅

အထူးဟော နေရာကောင်းရခြင်း၊နေရာပေးခံရခြင်းတွေကြုံရမည်။

ယတြာ မိမိအိမ်ဘုရား၌ ပေါက်ပေါက်ဆွမ်း ကပ်ပေးပါ။

ကြာသပတေး

ရပ်ဝေးမှ မိတ်ဆွေများနှင့် ဆက်သွယ်ခွင့်များ ရရှိလာပါလိမ့်မည်။ မိမိမျှော်လင့်မထားသော ကံကောင်းခြင်း အဖြစ်အပျက်များနှင့် ကြုံတွေ့နေရတတ်ပါသည်။ အစွမ်းအစပြရမည့် အချိန်ကာလဖြစ်ပါသည်။ အခွင့် အရေး ပေါ် လာသည့်တိုင်ရအောင်ယူတတ်ဖို့ လိုပါသည်။

အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံများ ရောင်းဝယ်ရေးအတွက် အကောင်း ဆုံးအချိန် ဖြစ်ပါသည်။ သားသမီးများ၏ ကျန်းမာရေးအတွက် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ မောင်နှမများ၏ အခက်အခဲများအတွက် ကူညီဖြေရှင်းမှုများ ပြုပေးရပါလိမ့်မည်။

အိမ်ထောင်သည်အမျိုးသားများ လူမှုရေးအရှုပ် အထွေးကြုံရတတ် ၍သတိရှိပါ။ မိသားစုအတွင်းငွေဝင်ကံတိုးတက်များပြားလာမည်။ လူ ငယ်များ အချစ်ရေး၌ အနည်းငယ်သဘောကွဲလွဲတတ်၍သတိထားပါ။ကြားလူများ၊အပြင်လူများကြောင့်စိတ်ညစ်ရမည်။

ဘာသာရေး အလှူ များလုပ်ဆောင်ရလိမ့်မည်။ လုပ်ငန်းတွင်ခေါင်းဆောင်လုပ်သူများ အပြစ်ထောက်ပြခံရခြင်း၊ ရှုတ်ချခြင်းခံရတတ် ပါ၍အစစသတိထားပါ။ အများ၏ ချစ်ခင် လေးစားခြင်းခံရမည်။အဝေးအရပ်မှ လက်ဆောင် များဝင်လာမည်။

မိမိ စိတ်အေးချမ်း ရမည့်အချိန်ဖြစ်သည်။ အလုပ်များပြားသလောက်ငွေဝင်ကံလည်းကောင်းလာ မည်။မိမိလုပ်ငန်း အတွက် ဝန်ထမ်း သစ်ခန့်အပ်ရလိမ့်မည်။

အကျိုးပေးဂဏန်း ၃/၆/၉

အထူးဟော အချစ်ရေးအရှုပ်အထွေးနှင့်လိင်ကိစ္စများရှောင်ပါ။

ယတြာ မွေးနေ့တွင် ကြံရည်ဘုရားကပ်လှူပေးပါ။

သောကြာ

မည်သည့်ပညာရပ်တွင်မဆို တတ်မြောက်အောင်မြင်အောင် သင်ကြား၊ သင်ယူနိုင်စွမ်းများ အလွန်မြင့်မား နေရတတ်ပါသည်။ သူတစ်ပါးအပေါ်လွန်ကဲစွာ အားနာနေမိတတ်ပါသည်။

ယုံကြည်မှုများ လွန်ကဲနေမိခြင်းကြောင့် မျက်နှာပျက်ရစေသော ဖြစ်ရပ်မျိုးများ ကြုံတွေ့ရတတ်ပါသည်။ စပ်တူရှယ်ယာ လုပ်ကိုင်ခြင်းများ အ ကျိုးမပေးပါ။ အတိုက်အခိုက်များနေသည်။

အလုပ်ငန်းတိုးချဲ့သော် အခက်အခဲကြုံမည်။ခရီးသွားလုပ်ငန်း၊ကားပစ္စ ည်း ရောင်းဝယ် သော လုပ်ငန်း၊ အအေးနှင့် မုန့်မျိုးစုံလုပ်ငန်းလုပ်သူများ အဆင်ပြေမည်။ သို့သော် မိမိလုပ်ငန်းကို နာမည်ဖျက်ခံရ တတ်သည်။

အပေးအကမ်း ရက်ရောနေမိတတ်ပါသည်။ လွယ်ကူစွာ သုံးစွဲမိခြင်းများကြောင့် လက်ထဲတွင် ငွေမရှိ ဖြစ်ရပ်မျိုး ကြုံတွေ့ရတတ်ပါသည်။ အစားမှားခြင်း၊ ဆေးမှားခြင်းများ ဖြစ်စေရတတ်ပါသဖြင့် သတိပြုဆင် ခြင်ပါ။

ခရီးဝေးသွားရောက်နေသူများမိဘအိမ်ပြန်လည်ခွင့်ရမည်။မိသားစုအတွက်အနည်းငယ်စိတ်ပူနေရမည်။ လှောင်ကုန် ပစ္စည်း၊တစ်ပတ်ရစ်ပစ္စည်း ရောင်းဝယ်ခြင်းလုပ်ငန်းလုပ်သူများအကျိုးရှိမည်။

မိမိပတ်ဝန်းကျင်၌ လူမှုရေးအရှုပ် အထွေးများကြုံရသော် ဝင်မပါရသတိထားရှောင်ပါ။လုပ်ငန်း နေရာသစ်ကြုံမည်။ အိမ်အပြောင်း အရွှေ့ ပေါ်မည်။

အကျိုးပေးဂဏန်း ၃/ဝ/၈

အထူးဟော နာမည်ဖျက်သူ၊သွားပုပ်လေလွင့်ပြောသူများနှင့်ကြုံရတတ်သည်။

ယတြာ အိမ်ကဘုရား၌ ဆီထမင်း ကပ်လှူပေးပါ။

စနေ

အနေအထိုင်၊ အပြောအဆို မတတ်၍ ဝေဖန်ပြောဆိုခံရခြင်းမျိုး ကြုံတွေ့ရပါလိမ့်မည်။ လုပ်ကိုင်ဆောင်ရွက်မှုတိုင်းတွင် လေးလံထိုင်းမှိုင်း၍ စိတ်ပါဝင်စားမှု၊ နည်းပါးနေရပါလိမ့်မည်။ အဆင်မပြေစရာဖြစ်ရပ်များ ကြုံတွေ့ နေရတတ်ပါသည်။

ငွေကြေးကိစ္စနှင့် ပတ်သက်၍ ရန်စကားများ ပြောဆိုနေရတတ်ပါသည်။ စိတ်မချမ်းသာစရာ သတင်းစကားများ ကြားသိနေရတတ်ပါသည်။ အိမ် ထောင်ဖက်နှင့် ညှိနှိုင်းမှုအဆင်မပြေ၊ ဖြေရှင်းမှု၊ စိတ်တိုင်းမကျ ဖြစ်ရပ်များခံစားနေရတတ်ပါသည်။

ကုန်စည်ပို့ဆောင်သည့်လုပ်ငန်းရှင်များ လုပ်ငန်းသစ်ရမည်။သို့သော် ငွေအမြတ် အစွန်းနည်းမည်။ ဝန်ထမ်းများလုပ်ငန်းခွင်၌ နာမည်ကောင်းရမည်။ ငွေကြေး စုဆောင်းမိပြီး လုပ်ငန်းအခြေအနေများ တိုးတက်မည်။

ကျောက်မျက်ရတနာ လက်ဝတ်လက်စားများ ဤကာလအတွင်း မဝယ်သင့်ပါ။ ငွေကြေးဆိုင်ရာ လက်လွန်မှုများမရှိပါစေနှင့်။ငွေချေးတာကိုအားမပေးပါ။လူငယ်များအချစ်ရေး စန်းပွင့်နေမည်။ ဆက်ဆံရေး အဆင် ပြေမည်။

သားသမီးတစ်ဦးဦး၏ ပညာရေးကိစ္စအတွက် စိတ်ပူနေရလိမ့်မည်။လု ပ်ငန်းသစ်များလုပ်ရာတွင် အများနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်မည်။ ကိုယ်မပြောသောစကားကို ပြောသယောင်၊ ကိုယ်မလုပ်သောကိစ္စ ကို လုပ် သယောင် ပြောဆိုဆောင်ရွက်သူများနှင့် ကြုံတွေ့နေရမည်။

တစ်ကြိမ်တည်း ပြီးမြောက်ရမည့်အလုပ်ကို အကြိမ် ကြိမ် လုပ်ကိုင်နေရခြင်းမျိုး ကြုံတွေ့နေရမည်။

အကျိုးပေးဂဏန်း ၁/၅/၈

အထူးဟော လုပ်ငန်းသစ်၊စီးပွားသစ်၊ဖောက်သည်သစ်ရမည်။

ယတြာ မိတ်ဆွေတစ်ဦးဦးအား ရှောက်ပေါင်းရည်ဆေး ဒါနပြုပေးပါ။

၇ရက်သားသမီးများ ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးကြပါစေ။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *