အင်တာနက်ထဲက ဘဝမဟုတ်ဘူ

အင်တာနက်ထဲက ဘဝမဟုတ်ဘူး

တစ်ဖက်လူရဲ့အကြောင်းကို ကိုယ်သေသေချာချာမသိဘူး။ဒါပေမယ့် သူ ငယ်ချင်းအဖြစ် လက်ခံလိုက်တယ်။တစ်ဖက်သားရဲ့စိတ်ထား ဘယ်လိုရှိနေလဲ ကိုယ်သေချာ မသိဘူး။ဒါပေမယ့် ရင်းနှီးခွင့် ပေးလိုက်တယ်။

ဒါဟာ အင်တာနက်ပေါ်က ဘဝတွေပါ။အင်တာနက်ဆိုတာ အကန်းတွေစုစည်းထားတဲ့ ပတ်ဝန်းကျင်တစ်ခုပါ။သူမှားလား၊သူမှန်လား အတုလား၊အစစ်လား ခွဲခြားပြီး သေသေချာချာ မသိရဘဲ ယုံကြည်မှုရနေတာ အင်တာနက်ပါ။

စစ်မှန်တဲ့ လူတစ်ချို့ ရှိနေနိုင်ပေမယ့် ဟန်ဆောင်တဲ့ လူအများစုလည်း ရှိနေမှာပါ။သူတင်တဲ့ ပို့စ်ကို

ကြည့် သူ့သူငယ်ချင်းတွေကို မြင်ရတာနဲ့ သူဟာ ဘယ်သူဖြစ်တယ်လို့တ ထစ်ချယုံကြည်တတ်တာ အင်တာနက်ပါ။

သူပြောတဲ့စကားတွေကိုယုံ သူပေးတဲ့အကြင်နာတွေကိုသာယာ ဒါဟာလ ည်း အင်တာနက်ပါပဲ။အင်တာနက်ပေါ်က ရှင်သန်ခြင်းဟာ အင်တာနက်ပေါ်မှာပဲ ကောင်းပါတယ်။

အင်တာနက်ပေါ်ကဘဝဟာ အင်တာနက်ပေါ်မှာပဲ ရှင်သန်သင့်ပါတယ်။အ င်တာနက်ပေါ်မှာ အလွန်အမင်း သာယာမိပြီး လက်တွေ့ဘဝထဲကို ကူးမလာပါနဲ့။

လက်တွေ့နဲ့ အင်တာနက်ဟာ သိပ်ကို ကွာခြားပါတယ်။အင်တာနက်ပေါ်က ရိုးသားခြင်းမျိုး အပြင်မှာ မရှိနိုင်

ပါဘူး။အကြောင်းကတော့ အင်တာနက်ပေါ်မှာ လူတစ်ယောက်ဟာသူရို းသားကြောင်း အလွန်အမင်း ထုတ်ဖော်ပြလိမ့်မယ်။

သူထုတ်ဖော်ပြမှလည်း သင်ကသိမှာ မဟုတ်လား။လက်တွေ့မှာတော့ ဒီလိုမဟုတ်ပေဘူး။ရိုးသားသူတွေက ဘယ်တော့မှ သူရိုးသားကြောင်း ထုတ်ကြွားလေ့ မရှိပါဘူး။အင်တာနက်ပေါ်က ရိုးသားခြင်းဟာ အတုပါ။

ဘယ်အခါမဆို အတုဟာ အစစ်ထက် ပိုနေတတ်ပါတယ်။ထားပါတော့။အင်တာနက်ပေါ်က ဇာတ်လမ်းကို အပြင်လက်တွေ့ဘဝမှာ အသက်သွင်းရင် ဘယ်လိုတွေ ဖြစ်လာမလဲ။

ဥပမာတစ်ခုလောက် ကြည့်ရအောင်။ကောင်မလေးတစ်ယောက်ဟာ ရိုးသားတဲ့ ကောင်လေးတစ်ယောက်ကို အင်တာနက်ပေါ်မှာ ချစ်မိရာကနေ လက်တွေ့ဘဝထဲအထိပါ ကူးပြောင်းလာခဲ့တယ်။

အင်တာနက်ပေါ်မှာ ချစ်မိရာကနေ လက်တွေ့ဘဝထဲအထိ ချစ်ချင်လာခဲ့တယ်။ကောင်လေးရဲ့အပြောတွေမှာ သာယာပြီးကောင်လေးနဲ့ အပြင်မှာ ချိန်းတွေ့ကြတယ်။

တွေ့ရမယ့်နေရာကို ကောင်လေးက သေသေချာချာ စီစဉ်တယ်။တကယ် တမ်းတွေ့တော့ ကောင်လေးကကောင်မလေးထင်သလို မဟုတ်တော့ဘူး။အင်တာနက်နဲ့ လက်တွေ့ သိပ်ကို ကွာခြားလွန်းနေတယ်။

ဒီလိုနဲ့ အဆက်ဖြတ်ပြီး ထွက်ပြေးမယ်ကျန်တော့ မရတော့ဘူး။ထောင်ချေ ​ချောက်မိသွားပြီ။ဒီလိုနဲ့ မလှုပ်သာမလွန့်သာဖြစ်သွားပြီး ဘဝပျက်ပါလေရော။

ဒါဟာ သာဓကတစ်ခုပါ။မတူညီနိုင်တဲ့ တစ်ခြားအဖြစ်အပျက်တွေ အများကြီး ရှိလာနိုင်ပါတယ်။ပြောချင်တာက အင်တာနက်ပေါ်မှာ တွေ့တဲ့သူတိုင်းကို မျက်စိမှိတ် မယုံစေချင်တာပါ။

ယောကျာ်းလေးဖြစ်စေ၊မိန်းကလေးဖြစ်စေ အင်တာနက်ကြောင့် ဘဝပျ က်တတ်ပါတယ်။အင်တာနက်ဆိုတာ သုံးတတ်ရင် အကျိုးရှိသလို မသုံးတတ်ရင်လည်း အဆိပ်ဖြစ်တတ်ပါတယ်။

လည်ကတုံးနဲ့ ဘုရားသွားနေတဲ့ပုံမြင်တိုင်း လူယဉ်ကျေးလို့ မသတ်မှတ်လိုက်ပါနဲ့။တစ်ချို့တွေက cover(အကာအကွယ်)ပြုထားကြတာပါ။သူရိုးသားလား၊မရိုးသားလားဆိုတာ ဘုရားပဲ သိနိုင်ပါလိမ့်မယ်။

ဖုန်းတိုင်းမှာ ကင်မရာပါနေတဲ့အတွက် ကြိုက်တဲ့နေရာမှာ ကြိုက်သလိုပုံ ရိုက်ယူနိုင်ပါတယ်။ကင်မရာeffectတွေ များပြားလွန်းလှတဲ့ ဒီနေ့လိုခေတ်မှာ ချောချောလှလှမြင်တိုင်း တကယ်ချောတယ်၊လှတယ် ထင်နေရင် သ င်”အ” နေပါပြီ။

အင်တာနက်ပေါ်က ဘဝတွေ၊အင်တာနက်ပေါ်ကနေထိုင်ပြုမူပုံတွေ၊အင်တာနက်ပေါ်က ခံစားချက်တွေဟာ လက်တွေ့ဘဝနဲ့သိပ်ကို ကွာခြားတတ်လွန်းတာမို့ သတိချပ်ပြီးအင်တာနက်ကို အသုံးပြုစေချင်ပါတယ်။

ကိုယ်နေထိုင်နေတာက လက်တွေ့ဘဝဖြစ်ပြီး ကိုယ်ပျော်ရွှင်နေတာက အ င်တာနက်ပါ။အင်တာနက်ပေါ်က သာယာမှုတွေကို လက်တွေ့ဘဝကို သယ် ဆောင်မလာမိပါစေနဲ့။အင်တာနက်ကို လိမ္မာပါးနပ်စွာ အသုံးပြုနိုင်သူတွေ ဖြစ်ကြပါစေလို့

Credit

Unicode

Leave a Reply

Your email address will not be published. Required fields are marked *